More

    “Bots စံချိန်တင်သွားတဲ့ Travis x Fragment”

    ဒီတစ်ခေါက်ထွက်တဲ့ Travis x Fragment ကတော့ bots စံချိန်ချိုးသွားပါတယ်။ ဒီ collab က Travis TS5 မရတဲ့သူတွေအတွက် စိတ်ဖြေစရာလို့ပဲပြောရမလား… ဒါမှမဟုတ် reseller သမားတွေအတွက်လည်း အမြတ်အစွန်းများမယ်ဆိုတာသေချာနေတဲ့ ဖိနပ်ဖြစ်နေတာကြောင့်လို့ပဲ ပြောရမလား လုဝယ်ကြတဲ့သူ အဆမတန် များပြားတဲ့ ဖိနပ်တစ်ရံဖြစ်ခဲ့ပါတယ်။ (ကြွားရရင် ကံကောင်းထောက်မစွာနဲ့ တစ်ရံရလိုက်ပါတယ်😬) ဒါတွေကြောင့်ပဲ ဒီဖိနပ်ကို bots တွေနဲ့ bid တဲ့အရေအတွက်ဟာလည်း 3 millions အထိစံချိန်တင်သွားခဲ့ပါတယ်။ဖိနပ်တွေကို retail စျေးနဲ့ရအောင်ဝယ်ချင်တဲ့အခါ ကိုယ်တိုင် drop မယ့်အချိန်ကို မအိပ်မနေထိုင်စောင့်… countdown timer က 3, 2, 1 ဆိုတာနဲ့ buy ကို လက်ကို စက်တပ်ထားသလိုနှိပ်လည်း… “Sold Out” သွားပါပြီဆိုပြီးတော့ပဲ ပေါ်လာတာမျိုး ကြုံကောင်း ကြုံဖူးကြမှာပါ။ ဒါတွေက လူတွေထက် အဆမတန်ပိုမြန်တဲ့ software ( so called bots) တွေကို အသုံးပြုပြီး.. drop ပြီဆိုတာနဲ့ ဝယ်ပြီးသားဖြစ်အောင် sneaker bots တွေသုံးထားတာကြောင့်ပါ။ ဒီအကြောင်းကို post တင်ထားဖူးပါတယ်။ အောက်မှာ link ပြန် ထည့်ပေးထားပါတယ်။

    Latest articles

    spot_imgspot_img

    Related articles

    Leave a reply

    Please enter your comment!
    Please enter your name here