More

    အကြီးကြီးထည့်တဲ့ CHANEL ဂျင်း

    CHANEL

    CHANEL က holiday season အတွက် တစ်ခြား ကမ္ဘာကျော် brand တွေလိုပဲ… $800 ကျော် $1000 နီးပါးရှိတဲ့ လက်ဆောင်ပေးလို့ကောင်းတဲ့ advent calendar ဆိုတဲ့ဘူးကြီး တစ်ခု ဒီနှစ်ထုတ်ပေးပါတယ်။CHANEL ရဲ့ နာမည်အကြီးဆုံး No 5 ရေမွှေးဘူးပုံစံ ပါကင်ဘူးအကြီးကြီးနဲ့ အထဲမှာ…. December 5 ရက်နေ့ကနေ.. December 31 ရက်နေ့အထိ holiday season မှာ လက်ဆောင်တွေတစ်ခုပြီးတစ်ခုဖောက်လို့ရအောင်ဆိုတဲ့ theme နဲ့ နံပါတ် ၅ ကနေ ၃၁ အထိတပ်ထားတဲ့ လက်ဆောင်ဘူးလေးတွေထည့်ထားတယ်။

    CHANEL

    ဖြစ်ချင်တော့ အဲ့ဘူးကို ပထမဆုံး လက်ဝယ်ရတဲ့ beauty blogger က unboxing လုပ်ပြတယ်။$800 ကျော်တန် လက်ဆောင်ဘူးကြီးထဲက ဘူးလေးတစ်ခုကို စဖွင့်ပြတယ်။ ထွက်လာတာက.. စက္ကူပေါ်ရိုက်ထားတဲ့ စတစ်ကာလေး ၃ခု။ သူကံမကောင်းတာနေမှာပါ။ အညံ့ဆုံးလက်ဆောင်လေးကို စရတာနေမှာပြောပြီး နောက်တစ်ခုထပ်ဖွင့်တော့… အသားပေါ်မှာကပ်တဲ့ တက်တူးစတစ်ကာ..။နောက်ပိုင်းမှာ.. တစ်ကမ္ဘာလုံးက ဝိုင်းဝေဖန်ကြတဲ့အထိ CHANEL ရဲ့ ဒီ $800 ကျော်တန်ဘူးဟာ… စတစ်ကာတွေ… products samples သာသာပစ္စည်းတွေနဲ့ပဲပြည့်နေခဲ့တာဖြစ်ပါတယ်။ တစ်ခြားသော brand ကြီးတွေရဲ့ holiday season gift set အားလုံးဟာ တန်ဖိုးကြီးပစ္စည်း ၂ ခုအနည်းဆုံးလောက်ထည့်ပေးနေကြတဲ့အချိန်မှာ… CHANEL ရဲ့ ဘူးထဲမှာတန်ဖိုးအကြီးဆုံးပါတာက sample သာသာ No5 ရေမွှေးဘူးသေးသေးလေးဖြစ်နေတာက.. ဝေဖန်မှုတွေအတောမသတ်နိုင်လောက်အောင်ဖြစ်နေတော့တာပါပဲ။လက်ရှိမှာလည်း ဒီဘူးရဲ့ unboxing လုပ်ပြခဲ့တဲ့သူကို CHANEL က Instagram မှာ block လိုက်ပါသေးတယ်။

    Latest articles

    spot_imgspot_img

    Related articles

    Leave a reply

    Please enter your comment!
    Please enter your name here