
ကမ္ဘာကျော် brands ကြီးတွေ တစ်ခုပြီးတစ်ခုဆက်တိုက်ဝင်လာနေတဲ့ metaverse ထဲမှာ နောက်ထပ် ထင်ရှားလာတဲ့ ဖိနပ်တစ်ရံကတော့.. Space Runners ဆီကဖြစ်ပါတယ်။
ဒီဖိနပ်ကို Kyle Kuzma နဲ့ Nick Young တို့လို နာမည်ကြီး NBA ကစားသမားတွေနဲ့ collab လုပ်ထားတာဖြစ်ပြီး… သိပ်မကြာခင်ထွက်လာမယ့်.. SpaceRunners ရဲ့ metaverse game ထဲမှာ ဒီဖိနပ်ကိုဝတ်ပြီးဆော့လို့ရမှာလည်းဖြစ်ပါတယ်။မတူညီတဲ့ ဒီဇိုင်းတွေနဲ့ထွက်လာမယ့် NFT ဖိနပ်ဖြစ်ပြီး.. တစ်ရံ နဲ့ တစ်ရံမှာ ပါဝင်မယ့် speed, stabilty and power တွေလည်းတူမှာမဟုတ်ဘူးလို့သိရပါတယ်။2022 အစပိုင်းမှာထွက်မယ်လို့သိထားရပြီး.. စျေးနှုန်းကိုတော့မသိရသေးပါဘူး။
