
ဒီနေ့တော့… ကျွန်တော်တို့တွေ မေ့ထားလို့ လုံးဝမရတဲ့ Metaverse နဲ့ NFT တွေအကြောင်း နည်းနည်းလေးအစပျိုးပါရစေ။လက်ရှိမှာ NIKE ဟာလည်း metaverse ထဲကို ပိုပိုပြီးတိုးဝင်ရောက်နေတယ်ဆိုတာ.. rtfkt ကုမ္ပဏီ ကိုဝယ်လိုက်တာက သက်သေပြနေပါတယ်။Facebook အပါအဝင် ကမ္ဘာကျော် ကုမ္ပဏီကြီးတွေဟာ အခုဆို metaverse လို့ ခေါ်တဲ့ ပုံရိပ်ယောင်ကမ္ဘာတစ်ခုအတွက်ပြင်ဆင်နေကြပြီဆိုတာသိပြီးဖြစ်မှာပါ။အခု Nike ဝယ်လိုက်တဲ့ rtfkt ဆိုတာက.. ပုံရိပ်ယောင်ကမ္ဘာထဲက ကိုယ့်ရဲ့ ကိုယ်ပိုင် avatar တွေဝတ်စားဆင်ယင်လို့ရမယ့် ဖိနပ်တွေ… အဝတ်အစားတွေ… နောက် ကိုယ့်ရဲ့ ကိုယ်ပိုင် avatar ပုံစံတွေအတွက် NFT တွေထုတ်နေတဲ့ leading company တစ်ခုပါပဲ။
သူရောင်းနေတဲ့ avatar တစ်ခုရဲ့စျေးဟာ 0.05 ETH ပါ.. (ETH ဆိုတာကတော့.. ethereum ဆိုတဲ့ bitcoin လို cryptp currency ပါ)။ ဆိုတော့.. ဒီ avatar တစ်ခုဟာ $190 ဝန်းကျင်… မြန်မာငွေ ၄သိန်းနီးပါးရှိပါတယ်။ဒါပေမယ့် ဒီ avatar တွေဟာ… metaverse အတွက် အဆင့်သင့်ဖြစ်နေစေမယ့် character တွေဖြစ်တဲ့အပြင်… နောက်ပိုင်းမှာ very rare အနေနဲ့ စျေးတွေပိုတက်လာနိုင်တယ်လို့သတ်မှတ်ထားကြတဲ့ လုံးဝ OG တွေပါပဲ။

ဒီ metaverse ဟာ အခုအချိန်မှာ ကျတော်တို့တော်တော်များများ စိတ်မဝင်စားသလို ပစ်ထားလို့ရပေမယ့်.. ကျတော်တို့ဆီသေချာပေါက်ရောက်လာတော့မယ့် အရာတစ်ခုပါ။သိထား လေ့လာထားရင် မမှားပါဘူး။ဒီကနေလည်း တတ်နိုင်သလောက် metaverse က ထူးထူးခြားခြားသတင်းလေးတွေတင်ပေးသွားပါဦးမယ်။