ဒီရက်ပိုင်း ဖိနပ်သမားကျတော်တို့တွေကြားမှာပြောဖြစ်နေတာကတော့.. leaked ပုံတွေမှာ မြင်ရတဲ့ Yeezy 350V2 Pure Oat ရဲ့ insole အကြောင်းပါ။

Yeezy ရဲ့နောက်ဆုံးထွက်ခဲ့တဲ့ MX series အပြီးမှာ.. 2022 အတွက် ပထမဆုံးထွက်မယ့် 350 အသစ်ဖြစ်သလို.. ဒီဖိနပ်ရဲ့ insole မှာ ပုံမှန် Adidas Logo အစား ကမ္ဘာလုံးပုံစံ ပြောင်းပြီးထည့်သွင်းထားပါတယ်။ သတိထားမိတဲ့သူလည်း ထားမိမှာပါ။ဒီ logo က ဘာကိုရည်ညွန်းတယ်ဆိုတာ အခုထိတော့မသိရသေးပေမယ့်… ဖြစ်နိုင်ချေရှိတာတွေက.. “Yeezy ရဲ့ Logo အသစ်” .. ဒါမှမဟုတ် “eco-friendly symbol”.. ဒီ ၂ ခုပဲဖြစ်နိုင်ချေရှိပါတယ်။Yeezy ဟာ သူ့ရဲ့ logo အသစ်ကိုပြီးခဲ့တဲ့ 2021 မှာစတင်အသုံးပြုဖို့ကြိုးစားခဲ့ပါတယ်။ အခု ဒီမှာပါတဲ့ ကမ္ဘာလုံးပုံတော့မဟုတ်ဘူး။ Sunray လို့သတ်မှတ်တဲ့ နေရောင်ဖြာနေသလို အလင်းစက်အတန်းတွေ ပုံစံပါ။ ဒါပေမယ့် Walmart ရဲ့ Logo နဲ့အရမ်းတူနေတယ်ဆိုပြီးကန့်ကွက် တရားရင်ဆိုင်မှုခံခဲ့ရပါတယ်။အဲ့တော့ ဒီထပ်ထွက်လာတဲ့ ပုံထဲက logo က Yeezy ရဲ့ Logo အသစ်လားဆိုတာ စဉ်းစားစရာတစ်ခုဖြစ်လာပါတယ်။နောက်ထပ် ဖြစ်နိုင်ချေရှိတာကတော့.. eco-friendly symbol ပါ။ ဒီဖိနပ်ဟာ recycling materials တွေနဲ့သုံးထားတာတို့.. ဒါမှမဟုတ်လည်း.. ဖိနပ်ကို လုံးဝ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စံချိန်စံညွှန်းတွေကျော်လွန်အောင်ထုတ်ထားတာတို့ဖြစ်နိုင်ပါတယ်။
Anyway… 2022 ကို Yeezy ကတော့ ပြောင်းလဲခြင်းတစ်ချို့နဲ့စတင်လာတယ်လို့ပဲပြောရမှာပါ။